Myanmar Imperial College ရဲ့ Founder ဦးဖြိုးမောင်မောင် နဲ့ ဒေါ်ပို့ပို့ကြည်တို့ဦးဆောင်တဲ့ MIC မိသားစုဝင်များဟာ ၂၉.၁.၂၀၁၇ ည ၁၁နာရီခန့်မှာရန်ကုန်မြို့မှ ငွေဆောင်ကမ်းခြေသို့စတင်ထွက်ခွာခဲ့ကြပါတယ်။

Day 1 ငွေဆောင် ရောက်ရောက်ချင်းဖြစ်တာကြောင့် MIC အဖွဲ့သားတွေဟာ သိပ်ပြီးလှုပ်လှုပ်ရှားရှားမလုပ်သေးဘဲ ညနေပိုင်းမှာသာ ပေါ့ပေါ့ပါးပါးသွေးပူဂိမ်းလေးတစ်ခုကိုသာ ကစားခဲ့ကြပြီးနောက်နေ့တွေအတွက်အားမွေးခဲ့ကြပါတယ်။

Day 2 မနက်စာစားပြီးကတည်းက အသင်းတွေက BOB Meeting Room ချီတက်ခဲ့ကြပါတယ်။ Day 2 ရဲ့ ပထမဦးဆုံးပွဲကတော့ Quizz နဲ့ အမြင့်ပြိုင်ဆောက်ကြတဲ့ ဂိမ်းပါ။ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် နဲ့မနက်ခင်း ဂိမ်းတွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဂိမ်းတွေက အရှိန်တက်လာပြီဖြစ်ပါတယ်။ ညနေပိုင်းရဲ့ ဂိမ်းတွေကတော့ အဖွဲ့လိုက် ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ သဲသောင်ပြင်အတွဲလိုက်လှေလှော်၊ အရှည်ပြိုင်ပွဲ နဲ့သောင်ပြင်မှာသဲတူးပြိုင်ကျတဲ့ ပွဲတွေပဲဖြစ်ပါတယ်။ Day 2 ပြိုင်ပွဲတွေမှာ ကိုယ်စွမ်း ဥာဏ်စွမ်း အစုံသုံးပြီးစတင်ယှဉ်ပြိုင်နေကြပြီဖြစ်ပါတယ်။ ပြိုင်ပွဲအရှိန်တက်လာပြီဖြစ်သလို အသင်းလိုက်စုစည်းမှု၊ စည်းလုံးမှု နဲ့ လှုံဆော်မှုအားကောင်းကောင်း နဲ့ယှဉ်ပြိုင်မှုတွေကို မြင်တွေ့နေရပါပြီ။ ငွေဆောင်ကမ်းခြေပြင်မှာလည်း နေ၀င်သွားတဲ့အထိ ရယ်သံတွေ အားပေးသံတွေပြည့်ခဲ့တဲ့ ညနေလေးတစ်ခုဖြစ်ခဲ့ပါတယ်။

Day 3 နောက်ဆုံးနေ့ရဲ့ ပထမဆုံးပွဲစဉ်ကိုတော့ MIC ကိုယ်စားပြုတဲ့အရာကို သောင်ပြင်မှာပုံဖော်ရတာပါ။ ဒီပြိုင်ပွဲမှာ အသင်းလိုက်စည်းလုံးမှု နဲ့ အကြံဥာဏ်ကောင်းကောင်းတို့ကို အချိုးကျပေါင်းစပ်ယှဉ်ပြိုင်ရတာပါ။ အချိန်ကိုလည်းစနစ်တကျသုံးတတ်ဖို့လိုသလို တာဝန်ကိုခွဲဝေလုပ်ဆောင်တတ်ဖို့လည်းလိုပါတယ်။နောက်တစ်ပွဲကတော့ တကယ့်ကို Teamworking ကိုပြိုင်တဲ့ပွဲပါပဲ။ သောင်ပြင်မှာ ခြေထောက်တစ်ဖက်စီကိုတွဲချည်ပြီး အဖွဲ့လိုက်ပြေးရတာမလို့ပါ။ညနေပိုင်းမှာတော့ ပြိုင်ပွဲရဲ့ နောက်ဆုံးမိနစ်တွေကိုရောက်လာပါပြီ။ Treasure Hunt နဲ့ တေးသရုပ်ဖော်ပါ။ Treasure Hunt ကတော့ အားလုံးအချမ်းပြေခဲ့ကြရပြီး တေးသရုပ်ဖော်မှာတော့ အတောမသတ်ရယ်သံတွေပါပဲ။ ပြိုင်ပွဲတွေအားလုံးပြီးချိန်မှာတော့ ဆုပေးပွဲ Dinner နဲ့ မီးပုံပွဲတို့နဲ့အတူ ငွေဆောင်နေ့ရက်တွေကို ပျော်ရွှင်လွမ်းဆွတ်စွာနှုတ်ဆက်ခဲ့ကြပါတယ်။

MIC မိသားစုဝင်တွေအားလုံး ပျော်ပျော်ပါးပါးကစားခဲ့ကြတဲ့ ဂိမ်းတွေဟာ အချင်းချင်း စည်းလုံးညီညွတ်မှု ရင်းပင်းဖော်ရွေမှု ခင်မင်ရင်းနှီးမှုတွေကို ပိုမိုတိုးတက်စေခဲ့သလို အမှတ်တရတွေ ရယ်စရာတွေ ပျော်စရာတွေ လည်းကျန်ခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း MIC မိသားစုတွေအနေနဲ့ အမှတ်တရတွေများစွာအတွက် ခရီးစဉ်တွေကို ဆက်လက်သွားရောက်ဦးမှာဖြစ်သလို အနာဂတ်လူငယ်ခေါင်းဆောင်တွေကို ဆက်လက်မွေးထုတ်ပေးရင်း မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လှမ်းမှအထောက်အကူဖြစ်ဖို့ MIC မိသားစုဝင်တွေအနေနဲ့တစ်နှစ်ပတ်လုံးဆက်လက်ကြိုးစားသွားမှာလည်းဖြစ်ပါတယ်။